မင်္ဂလာပါ

Wednesday, August 5, 2020

About CPU (Central Processing Unit)


CPU (Central Processing Unit)

         ကျနော်ခုပြောပြမှာကတော့ CPU ရဲ့အလုပ်လုပ်ပုံပါ။ အားလုံးသိပြီးသားဖြစ်ကောင်းဖြစ်မှာပါ။ ဒါပေမယ့် ကျနော့်အနေနဲ့ မသိသေးတဲ့လူတွေအတွက် ရည်ရွယ်ပြီး ရေးပေးခြင်းပါသည်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား အစဉ်အမြဲ ဂါဝရပြုလျက်...

    CPU တွေဟာ ကျနော်တို့နေစဉ် အသုံးပြုနေတဲ့ Phone တွေ၊ PC (personal Computer)၊ Laptop/Desktop နဲ့ ဂဏန်းပေါင်းစက် စတဲ့ Electronics ပစ္စည်းတော်တော်များများမှာ ပါဝင်ပါတယ်။ ဘာလို့ပါဝင်လဲဆိုရင် Phone တွေ၊ Laptop တွေ၊ Desktop တွေဟာ တကယ်လို့ CPU သာမရှိခဲ့ဘူးဆိုရင် ဘာမှလုပ်လို့မရဘဲ အလှထိုင်ကြည့်နေရမယ့် ပစ္စည်းတွေလိုဖြစ်သွားမှာပါ။ တစ်ချို့ကလည်း CPU ဆိုတာ Intelligence Machines တွေရဲ့ ဦးဏှောက်လို့ပြောကြတယ်။ တချို့လူတွေကလည်း Heart (နှလုံးသား) လို့တင်စားကြတယ်။ ဟုတ်ပါတယ်။ တကယ်လည်းဘဲ Intelligence Machines တွေရဲ့ ဦးဏှောက်ဆိုလည်း ဟုတ်တယ်၊ နှလုံးသားဆိုလည်း ဟုတ်ပါတယ်။

            ဘာလို့လဲ.......?

        CPU ဟာ Intelligence Machines တွေရဲ့အသက်ပါ။ CPU သာမရှိရင် သူတို့ကိုယ်တိုင် စဉ်းစားတွေးခေါ် တွက်ချက်မှုတွေ မလုပ်နိုင်ပါဘူး။ ပြီးတော့ CPU ဟာ Machine Language ဖြစ်တဲ့ Binary တွေဘဲနားလည်ပါတယ်။ ဥပမာ- ကျနော်တို့က Keyboard ကနေ A လို့ရိုက်လိုက်ပါတယ်။ တကယ့်တကယ် CPU ကအလုပ်လုပ်ရင် A ဆိုတာကို တိုက်ရိုက်မသိပါဘူး။ CPU ထဲက Function တွေကနေ Binary ပြောင်းပြီးအလုပ်လုပ်ပါတယ်။ CPU ထဲမှာ CU (Control Unit) နဲ့ ALU (Arithmetic and Logic Unit) ဆိုတဲ့ Main Function နှစ်ခုရှိပါတယ်။ နောက်မှ Cache Memory တွေကို CPU ထဲပေါင်းထည့်လာကြတာပါ။

CU (Control Unit)

        Control Unit (CU) ဟာ User နဲ့ Machine တွေကြား အဆင်ပြေအောင် လုပ်ပေးထားတဲ့ ပေါင်းကူးတံတား တစ်ခုလို့ပြောရင် မမှားပါဘူး။ ဘာလို့လဲဆိုရင် CU (Control Unit) ရဲ့အဓိကလုပ်ပေးရတာက Character/Number to Binary ဖြစ်ပါတယ်။ ကျနော်တို့ Keyboard ကနေ apple လို့ရိုက်လိုက်ရင် တန်းပြီး apple ဆိုပြီး LCD ပေါ်မှာမြင်နေရတာ CU ကြောင့်ပါ။ CU သာမရှိခဲ့ဘူးဆိုရင် apple လို့ရိုက်ရင် Machine ကဘာမှန်းမသိလို့ Error သော်လည်းကောင်း၊ ဘာမှမပြတာသော် လည်းကောင်း ဖြစ်နိုင်ပါတယ်။ ပြီး Machine Language ဖြစ်တဲ့ Binary ကို Developer and Scientists တွေကလွဲ အလွယ်တကူမသိနိုင်ပါဘူး။ အာ့အတွက် Normal User (NU) တွေမှာ အခက်အခဲဖစ်နိုင်ပါတယ်။ ဒါကြောင့် CPU မှာ CU Function ကို User တွေအလွယ်တကူအသုံးပြုနိုင်အောင်ထည့်ပေးပါတယ်။
            ဥပမာ- User က apple လို့ရိုက်လိုက်တယ်၊ Input Device ကနေတစ်ဆင့် CU ဆီရောက်တယ်၊ CU ကနေတစ်ဆင့် ဒီလို Binary လေးတွေပြောင်းပြီး ALU(Arithmetic and Logic Unit) ဆီပို့တယ်၊ ALU ကနေမှတစ်ဆင့် CU ဆီပြန်ပို့ပြီး RAM ပေါ်ပြန်ပို့တယ်၊ အာ့ခါမှ ကျနော်တို့ခဗျားတို့ apple ဆိုတဲ့ စာလုံးလေးကိုမြင်ရတာပါ။

input device->apple->CU->
a=01100001
p=01110000
p=01110000
l=01101100
e=01100101->ALU

ALU (Arithmetic and Logic Unit)

               ALU ကတော့ CPU ရဲ့ အဓိက အလုပ်လုပ်ပေး တွက်ချက်ပေးတဲ့ Main Function ပါ။ ဒီကောင်လေးက CU ကနေပြောင်းပေးလိုက်တဲ့ Binary code တွေကို တွက်ချက်ပေး၊ စီပေးပြီး ရလာတဲ့ Result ကို CU သို့ပြန်လည်ပို့ဆောင်ပါတယ်။ CU အနေနဲ့ ပထမ User ဆီက ဝင်လာတဲ့ Keywords တစ်ခုချင်းဆီကို Binary ပြောင်းပြီး ALU ကိုတိုက်ရိုက်ပို့ပေးပါတယ်။ ALU ကမှ အစီစဉ်တကျ ပြန်လုပ်ပေးပြီး CU ဆီကို Binary Code Series အနေနဲ့ပို့ပေးပါတယ်။ ALU ပို့ပေးတဲ့ Binary Code Series ကိုမှ CU အနေနဲ့ သက်ဆိုင်ရာ စကားလုံးတွေကို ပြန်ပြောင်းပြီး RAM ကနေတစ်ဆင့် User မြင်ရမယ့် Output Device တွေဆီပို့ပေးပါတယ်။

ဥပမာ- Input Device -> apple -> CU ->
a=01100001
p=01110000
p=01110000
l=01101100
e=01100101->ALU

ALU->01100001 01110000 01110000 01101100 01100101 -> CU -> apple -> RAM->Output device

            ကဲ... ဒါကတော့ Intelligence Machines တွေမှာရှိတဲ့ CPU တိုင်းရဲ့ အလုပ်လုပ်ပုံတွေပါ။ Cache တို့ဘာတို့ကတော့ နောက် အကြောင်းသင့်ရင်ရှင်းပြပေးသွားပါမယ်။ အခုတော့ CPU ပြားလေးရဲ့ အလုပ်လုပ်ပုံ အရေးပါပုံတွေကို ဖော်ပြပေးရင်း ကျနော့်ကိုဒီနေရာမှာရပ်ခွင့်ပြုပါ။

         သဲမှူန်မျှ ဉာဏ်ပညာဖြင့်သာရေးသားထားပါသောကြောင့် အမှားပါပါက ဝေဖန်ထောက်ပြပြင်ဆင်ဖတ်ရှူပေးကြပါရန်မေတ္တာရပ်ခံပါသည်ခဗျာ။

VIError(MEH)

Original Link - Myanmar Ethical Hackers