- ကွန်ပျူတာထဲက HDD နေရာလွတ်ကျန်သေးတဲ့ Partition မှာ DriversBackup ဆိုတဲ့နာမည်နဲ့ Folder တစ်ခုဆောက်ထားပါ။ (DriversBackup မှာ Space မခြားရန်၊ Space ခြားလိုက်ရင် PowerShell Prompt မှာ အရှေ့စာလုံးကိုပဲသိနိုင်လို့ Backup လုပ်ချင်မှ လုပ်သွားပါမယ်။) ကျွန်တော်ကတော့ F:\ အောက်မှာ Driver Backup သိမ်းထားပါမယ်။
- Windows Search box မှာ PowerShell ကိုရိုက်ရှာလိုက်ပါ။ တွေ့ရင် Right Click > Run As Administrator နဲ့ဖွင့်လိုက်ပါ။
- Power Shell Prompt မှာ အောက်ပါ Command ကိုရိုက်ပါ။ F:\ နေရာမှာ ခုနတုန်းက DriversBackup Folder ဆောက်ထားခဲ့သော Drive နာမည်ကို ရိုက်ထည့်လိုက်ပါ။
Export-windowsDriver -Online -Destination F:\DriversBackup
- အထက်ပါ Command ကို PowerShell Prompt မှာ ရိုက်ထည့်ပြီးသွားရင် စက်ထဲမှာ ရှိသမျှ Drivers စာရင်းတွေကို ပြလာပါမယ်။ အကုန်ပြီးသွားရင် F:\DriversBackup အောက်ကို ပြန်ဝင်ကြည့်ပါ။ Drivers တွေ Backup ဖြစ်နေတာကို တွေ့ရပါမယ်။
- Windows တင်ပြီးတဲ့အခါ သို့မဟုတ် Driver ကို အကြောင်းတစ်ခုခုကြောင့် Uninstall လုပ်မိသွားလို့ ပြန်ထည့်ချင်တယ်ဆိုရင် Windows Key + R ကို တစ်ပြိုင်တည်းတွဲနှိပ်၊ Run Box မှာ devmgmt.msc ကို ရိုက်ထည့်ပြီး Device Manager ထဲကိုဝင်ပါ။
- Device Manager ထဲရောက်သွားပြီဆိုရင် မသိသော၊ မရှိသေးသော Device အပေါ်ကို Right Click > Update Driver > Browse My Computer ကိုရွေး၊ Backup သိမ်းထားတဲ့ Driver Folder လမ်းကြောင်းကိုရွေးပေးပြီး Next နှိပ်ပေး၊ Install လုပ်ပြီးသွားရင် စက်ကို Restart ချပေးလိုက်ပါ။