မင်္ဂလာပါ

Monday, August 17, 2020

ကွန်ပျူတာဝယ်မယ်ဆို မဖြစ်မနေသိထားသင့်တဲ့ CPU အကြောင်း

What is the CPU? (CPU ဆိုတာဘာလဲ... )

ဟိုရက်က ဂရုတစ်ခုထဲမှာ CPU ဆိုတာဘာလဲ ဆိုပြီးမေးထားတဲ့ မေးခွန်းလေးတစ်ခုတွေ့လို့ CPU အကြောင်းလေး သိသလောက်ရေးပေးလိုက်ပါတယ်။

CPU : Central Processing Unit (Processor) လို့ ခေါ်ပါတယ်။ သူက Computer မှာ ဘာအလုပ်လုပ်လဲဆိုတော့ လူတွေမှာလိုဆိုရင်တော့ ဦးနှောက်ပါပဲ၊ သူက ကွန်ပျူတာရဲ့ ဦးနှောက်ဖြစ်ပါတယ်။ ကျွန်တော်တို့ အသုံးပြုတဲ့ Software တွေက ခိုင်းသမျှကို ပြန်လည်လုပ်ဆောင်ပေးနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဉပမာအနေနှင့် ကျွန်တော်တို့က Keyboard ကနေပြီးတော့ “A” ဆိုပြီး ရိုက်လိုက်တယ်ဆိုရင် သူက “A” ဆိုပြီး တန်းပြီးတော့ နားမလည်ပါဘူး။ သူနားလည်တာက Machine Language ဖြစ်တဲ့ 0110 တွေကိုပဲနားလည်ပြီး ဒါကတော့ “A” ကိုရိုက်နေတာ “A” ပေါ်ပေးရမယ်ဆိုပြီး လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ ဆိုတော့ 0110 စတာတွေကို ဘယ်လိုနားလည်သလဲဆိုတဲ့ မေးခွန်းရှိလာပါတယ်။

CPU ဆိုတာကို Electronic Device ဖြစ်တဲ့ အလွန်သေးငယ်တဲ့ Transistors ပေါင်း ဘီလျံနဲ့ချီပြီး တည်ဆောက်ထားပါတယ်။ Transistor တွေကတော့ ကျွန်တော်တို့ သင်ကြားဘူးတဲ့ AND, OR, NOR, NOT စတဲ့ Gate တွေနဲ့အလုပ်လုပ်ပြီး 1001 တွေကို ဆုံးဖြတ်ပေးပါတယ်။ အချိန်တိုအတွင်းမှာ ဒီလောက်လျင်မြန်စွာလုပ်နိုင်ဖို့အတွက် ကွန်ပျူတာမှာသုံးတဲ့ CPU တွေကို လျှပ်စီးမှုအားကောင်းတဲ့ ရွှေကိုအသုံးပြုပြီး တည်ဆောက်ထားပါတယ်။ ကျွန်တော်တို့ CPU တည်ဆောက်ပုံ၊ အလုပ်လုပ်ပုံကို အကြမ်းဖျင်းနားလည်ပြီဆိုရင် လက်တွေ့ကျတဲ့ လက်ရှိကျွန်တော်တို့ အသုံးပြုနေတဲ့ CPU တွေအကြောင်းပြောကြရအောင်ပါ။

CPU တွေကို အဓိကအားဖြင့် Intel နှင့် AMD ဆိုပြီး အဓိက Company ကြီးနှစ်ခုက ဈေးကွက်ကို ကြီးစိုးထားပါတယ်။ အဲထဲကမှ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင် Intel Series တွေဖြစ်တဲ့ Core i3,i5,i7 တို့ကနာမည်ကြီးပါတယ်။ လူသုံးများပါတယ်။ ဒါကြောင့် အခု Topic မှာတော့ Intel ကထုတ်တဲ့ CPU တွေအကြောင်းကို ဆက်လက်ဆွေးနွေးသွားပါမယ်။

Intel ကထုတ်တဲ့ CPU တွေမှာဆိုရင်လည်း နှစ်မျိုးထပ်ကွဲပါသေးတယ်။ Intel Core Family နှင့် Intel Pentium Family ဆိုပြီးတော့ ထပ်ကွဲပါသေးတယ်။ CPU အကြောင်းပြောမယ်ဆိုတော့ အရေးကြီးတဲ့ အချက်တွေကတော့ သူရဲ့ Generation, Clock Rate, Core Count, Performance Series တွေက အရေးကြီးပါတယ်။ ပထမဆုံးအနေနဲ့ Generation အကြောင်းပြောပါမယ်။

ကျွန်တော်တို့ရဲ့ ကွန်ပျူတာက Core i3, i5, i7 စသည်ဖြင့်တော့သိပြီး Generation ဘယ်လောက်လဲဆိုတာ သိချင်ရင်တော့ Window Key နှင့် Pause Break Key ကိုတွဲနှိပ်လိုက်ပါ။ Computer Properties တက်လာပါမယ်။ အဲမှာ System မှာ Processor ဆိုတာတွေရပါမယ်။

ဥပမာအနေနှင့် Intel® Core™ i3-3217U CPU @ 1.80GHz ဆိုကြပါစို့… အဲဒီမှာ i3 ဆိုတာရဲ့ နောက်က 3217U မှာ 3 က Generation ဖြစ်ပါတယ်။ 3217U ဖြစ်တဲ့အတွက် 3rd Gen ပေါ့၊ အဲနေရာမှာ 4 ဆိုရင် 4th Gen ဖြစ်ပါတယ်။ ဒါဆိုရင်တော့ CPU Generation ကြည့်နည်းကိုလည်း သိသွားပြီး ကိုယ့် CPU Generation ကိုလည်း ကြည့်တက်သွားမယ်လို့ ထင်ပါတယ်။ ယခုဆိုရင် 10th Gen ထိရောက်နေပြီဖြစ်ပါတယ်။

Performance Series ကို ဆက်ပြီးပြောရမယ်ဆိုရင် Core™ i3-3217U CPU @ 1.80GHz မှာ 3217U ဆိုတာမှာ U က Performance Series တွေဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့်…

U Series - ဆိုတာတွေကိုတော့ Laptop တွေအတွက် ထုတ်ထားတာဖြစ်ပြီး ပါဝါစားနည်းပါတယ်။

Y Series - ဆိုတာတွေကိုတော့ Old Generation Laptop တွေအတွက် ထုတ်ထားပါတယ်။ Mobile အတွက်လည်း အသုံးပြုတယ်လို့ဆိုပါတယ်။

T Series - ဆိုတာတွေကိုတော့ Desktop Processor တွေအတွက် ရည်ရွယ်ပြီး ထုတ်ထားတာပါ။

H, HQ Series - ကတော့ High Performance ပါ။ ကွန်ပျူတာအပူချိန်မြင့်ခြင်း၊ ဘတ်ထရီစားခြင်း စတဲ့အားနည်းချက်တွေ ရှိပါတယ်။ ဈေးမြင့်တဲ့ Gaming Laptop တွေမှာ အသုံးပြုလေ့ရှိတာကြောင့် Cooling စနစ်ကောင်းကောင်းနဲ့ Cover ပြန်လုပ်ပြီး အသုံးပြုကြပါတယ်။

K Series - ဆိုတာကတော့ လုံးဝ High Performance ပါ။ သူကတော့ Unlock ဖြစ်ပြီး Overclock လုပ်လို့ရတဲ့ Processor ပဲဖြစ်ပါတယ်။ Overclock လုပ်တယ်ဆိုတာက CPU ရဲ့ အမြင့်ဆုံးလုပ်ဆောင်နိုင်စွမ်းကို ကျော်ပြီးတော့ခိုင်းတာပါ။ ဒါကြောင့် Water Base Cooling System တွေနဲ့ တွဲဖက်အသုံးပြုကြပါတယ်။ အဓိကအားဖြင့်တော့ Gamer တွေ အသုံးများပါတယ်။

Clock RateCore™ i3-3217U CPU @ 1.80GHz မှာ 1.80 GHz ကတော့ သူ့ရဲ့ Clock Rate ပါ။ Clock Speed လို့လည်းခေါ်ပါတယ်။ သူ့ကိုတော့ Hertz(Hz) လို့ခေါ်တဲ့ Clock Speed နှင့်တိုင်းပါတယ်။ Clock Speed ဆိုတာ 1-second အတွင်းမှာ အလုပ်လုပ်နိုင်တဲ့ Clock Cycle အရေအတွက်ဖြစ်ပါတယ်။ 1 GHz = 1000000000 Cycle Per Second နှင့်ညီပါတယ်။ CPU ရဲ့ အခြေခံအချက်အလက်တွေ အကုန်သိပြီဆိုတော့ ကျွန်တော်တို့ Core i3, Core i5, Core i7 စတဲ့ Intel ရဲ့ Core Series Processor တွေအကြောင်း ဆက်သွားကြရအောင်ပါ။ Core Series တွေမှာဆိုရင်…

  • Core 2 Duo
  • Core Quad
  • Core Extreme
  • Core i3
  • Core i5
  • Core i7
  • Core i7 Extreme
  • Core i9 ဆိုပြီးတော့ Core Series တွေကွဲပြီးထွက်ပါတယ်။

ဒါတွေက ကွန်ပျူတာ Processor တွေပဲ ဖြစ်ပြီး Mobile အတွက် ထုတ်ထားတာတွေကို ထည့်ပြီးမပြောထားပါဘူး ခင်ဗျာ။

Core ဟုတ်ပြီ၊ Core စီးရီးတွေကိုသိပြီဆိုတော့ Core ဆိုတာဘာလဲ ဆိုတာသိဖို့လိုလာပြန်ပါတယ်။ ဘာလို့ Core တွေကွဲနေတာလဲ စိတ်ဝင်စားစရာရှိလာပါပြီ။ လူတွေက ကွန်ပျူတာနှင့် အချက်အလက်တွေကို တွက်ချက်တဲ့အချိန်မှာ Computing Rate တွေကို တိုးမြှင့်ချင်ကြပါတယ်။ ပိုပိုပြီးမြန်ဆန်တာကိုလိုချင်လာကြပါတယ်။ ပိုပြီးမြန်ဆန်ချင်တဲ့ အခါမှာ CPU တွေကို Mother Board မှာ တိုးမြှင့်ချင်ကြပါတယ်။ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုတော့ နေရာပါ။ Board ပေါ်မှာ CPU နှစ်လုံးတင်ဖို့အတွက်နေရာလိုပါတယ်။ Power လိုပါတယ်။

ဒါကြောင့်မို့လို့ CPU အကြီးတစ်ခုထဲမှာ CPU အသေးလေးတွေ ကိုပေါင်းထည့်ပေးလိုက်တဲ့ နည်းပညာကိုဖန်တီးလိုက်ကြပါတယ်။ ဟုတ်ပါတယ်၊ Core ဆိုပြီး ကျွန်တော်တို့သိနေတာက CPU အသေးစားလေးတွေပါ။ Processor တစ်ခုအတွင်းမှာ Core (2) ခုထည့်ထားရင် Dual Core ဒါမှမဟုတ် Core 2 Duo၊ Core (4) ခု ထည့်ထားရင် Quad Core၊ Core (8) ခု ထည့်ထားရင် Octa Core စသဖြင့် ခေါ်ကြပါတယ်။

Corei3

ယေဘုယျအားဖြင့် Core i3 မှာ ဆိုရင် Core 2 လုံးပါပါတယ်။ ဒါပေမယ့် သူ့မှာ အားသာချက်ရှိတယ်။ အဲဒါက Core 1 ခုမှာ Thread ၂ ခုကို ကိုင်တွယ်နိုင်တဲ့ နည်းပညာပါလို့ 2 Cores / 4 threads ဖြစ်သွားပါတယ်။ အဲဒါကြောင့် Window OS ထဲမှာ သွားကြည့်ရင် CPU 4 ခုရှိတယ်လို့ပဲ မြင်ရမှာပါ။ အဲဒါကိုတော့ Multi-Threading Architecture လို့ခေါ်ပါတယ်။

အလုပ်လုပ်ပုံကိုပြောရမယ်ဆိုရင် CPU အကြီးကို ကားလမ်းမအကျယ်ကြီးလို့ သတ်မှတ်လိုက်ရင် Core တွေကတော့ ကားတွေပေါ့၊ Thread တွေကတော့ အဲကားပေါ်မှာပါလာတဲ့ ခရီးသည်တွေပေါ့၊ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ အလုပ်တွေကို သူ့အကန့်နှင့်သူခွဲပြီး လုပ်တယ်ဆိုတဲ့ သဘောပါပဲခင်ဗျာ။ October 2017 နှင့် April 2019 မှာ နောက်ဆုံး Release လုပ်ခဲ့တဲ့ Core i3 Code Name - Coffee Lake တွေမှာတော့ Core 4 လုံးထိပါဝင်လာပါတယ်။ ဒါကတော့ Core i3 ရဲ့ အကြမ်းဖျဥ်း အချက်အလက်တွေပဲဖြစ်ပါတယ်။

Core i5

Core i5 ကတော့ 4 Core (Quad-Core) Processor ဖြစ်ပါတယ်။ အမှန်တကယ် Run တဲ့ Physical Cores 4 ခု ပါပါတယ်။ ဒါပေမယ့် သူက i3 လိုတော့ Multi Thread ကို Support မလုပ်ပါဘူး။ သူ့အားသာချက်က Core 4 ခု လုံးသုံးမနေဘူးဆိုရင် လက်ရှိသုံးနေတဲ့ Clock Speed ကို သတ်မှတ် Speed ထက်ပိုပြီး မြန်မြန်လုပ်ခိုင်းနိုင်တာပါပဲ။ အဲဒါကို Turbo Boost နည်းပညာလို့ခေါ်ပါတယ်။ Turbo Boost ဆိုတာ လိုအပ်တဲ့အချိန်မှာ Core တစ်လုံးနဲ့တစ်လုံး ပေါင်းစည်းလုပ်ဆောင်ပေးပါတယ်။ i5 မှာ i3 ထက်သာတဲ့အချက်ဟာ Turbo Boost ဖြစ်ပါတယ်။

Core i7

Core i7 ဟာ Quad Core ဖြစ်တဲ့အပြင် i5 မှာတုန်းက သုံးထားတဲ့ Turbo Boost လည်းပါဝင်လာပါတယ်။ Hyper Thread နဲ့လည်း ကောင်းကောင်းအလုပ်လုပ်ပါတယ်။ Hyper-Threading ဆိုတာ Processor တစ်လုံးထဲကမှ အချိန်တစ်ခုထဲမှာပင်လျှင် Thread နစ်ခုကို တစ်ပြိုင်နက်ထဲ တာဝန်ထမ်းဆောင်နိုင်ပါတယ်။ ရှင်းအောင်ပြောရရင် ကားတစ်စီးက တစ်ချိန်ထဲမှာ လူနှစ်ယောက်တင်နိုင်တာမျိုးပေါ့၊ ဒါကြောင့် Window OS ထဲမှာဆို Core 8 ခု ပါတယ်လို့ မြင်ရမှာပါ။ တကယ်က Core (4) ခုအပြင် Thread ကြောင့်မို့ ထပ်ပွားလာတဲ့ Cores က နောက်ထပ် 4 ခု ဖြစ်လာပါတယ်။ ဒါကြောင့်လည်း Core i7 ဟာ Multi Thread Application တွေကို ကောင်းကောင်းကိုင်တွယ်နိုင်တာပါ။

Cache Memory

နောက်ပြီး Core i3/i5/i7 တွေမှာ နောက်ထပ် ကွာဟစေတဲ့အချက်က Cache Memory ဖြစ်ပါတယ်။ CPU တစ်ခုမှာ စွမ်းဆောင်ရည် ကောင်းစေဖို့ Cache Memory ဟာ တကယ့် အရေးကြီးဆုံးပါပဲ။ Core i3 CPU မှာ 3MB Cache ပဲပါပြီး Core i5 CPU တွေက 4MB ကနေ 6MB ထိ ပါပါတယ်။ Core i7 CPU ကတော့ Cache Memory 8MB တောင်ပါတာဆိုတော့ သူ အကောင်းဆုံးဖြစ်နေတာ မဆန်းတော့ပါဘူး။

ဒီလောက်ဆိုရင် Core i3/i5/i7 တွေရဲ့ ကွာခြားချက်တွေကို သတိထားမိလောက်ပါပြီ။ Core i5, i7, i9 တွေမှာ Core တွေကို တိုးမြှင့်လာတာ အခုချိန်မှာဆိုရင် Core 6 လုံးကနေ အများဆုံး 18 လုံးထိပါဝင်တဲ့ Processor တွေရှိလာပြီပဲဖြစ်ပါတယ်။

Thermal Design Profile (TDP)

CPU အကြောင်းပြောမယ်ဆိုရင် Thermal Design Profile (TDP) လို့ခေါ်တဲ့ ကိုယ့် CPU က ဘယ်လောက်အပူခံနိုင်လဲ၊ Power ဘယ်လောက်သုံးရမလဲဆိုတာကို ဖော်ပြပေးတဲ့ နံပါတ်ကိုလည်း မေ့ထားလို့မရပါဘူး။ သူ့ကိုတော့ Watt နှင့်ဖော်ပြလေ့ရှိပါတယ်။ Core™ i3-3217U CPU @ 1.80GHz မှာဆိုရင် တော့ 17 Watt ပဲလိုအပ်ပါတယ်။ Desktop တွေဆင်မယ်ဆိုရင်တော့ TDP နှင့် Power Supply ကိုချိန်ဖို့လိုအပ်ပါတယ်။ Performance ကောင်းလေ၊ Power စားလေ၊ မီတာခကုန်လေပါပဲ။

နောက်ဆုံးမေးစရာတစ်ခုအနေနဲ့ လူတွေက ဘာလို့ဒီလောက်များတဲ့ Processor Speed တွေကို လိုအပ်လဲဆိုတာပါပဲ...

High Performance Computing System (HPC) လို့ခေါ်တဲ့ ကြီးမားတဲ့တွက်ချက်မှုတွေအတွက် လိုအပ်တာပါ။ ဘာတွေကိုတွက်ချက်ကြလဲဆိုတော့ Super Computer နှင့် Parallel Programming တွေကိုအသုံးပြုပြီး လူသားတွေအတွက် အကျိုးရှိတဲ့တွက်ချက်မှုတွေကို ပြုလုပ်ပါတယ်။ ဥပမာအနေနှင့်

  • Weather Focusing
  • Atom Bomb Testing
  • War စတာတွေကိုတွက်ချက်တဲ့ နေရာမှာသုံးပါတယ်။

Atom Bomb Testing ဆိုတာ ကျွန်တော်တို့ နူဗုံးတွေကို အပြင်မှာဖောက်ခွဲတာမျိုး မလုပ်တော့ဘဲ Computer နဲ့ပဲ ဖောက်ခွဲတွက်ချက်ကြတာမျိုးပါ။ ရုရှား၊ အမေရိကန်၊ တရုတ်တို့လို နည်းပညာမြှင့်မားတဲ့ နိုင်ငံတွေကတော့ အကောင်းဆုံးအသုံးချကြပါတယ်။ ဒါတွေတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ကျန်တဲ့ လူသားအကျိုးပြုနည်းပညာတွေ အများအပြားမှာအသုံးပြုကြပါတယ်။ နောက်ထပ်ဗဟုသုတအနေနှင့် ပြောရမယ်ဆိုရင် High Performance Computing System (HPC) တွေကို CPU Processing မဟုတ်ပဲ GPU Processing နှင့်လည်းပြုလုပ်လာကြပါတယ်။ ဒါကြောင့် Nvidia တို့လို့ Graphic Company ကြီးတွေက Support လုပ်ပေးကြပါတယ်။

ဒီလောက်ဆိုရင်တော့ ကျွန်တော်ပြောခဲ့တာတွေက အတော်စုံပြီမို့ CPU အကြောင်း အနည်းငယ်တော့ သိသွားလိမ့်မယ်လို့ ထင်ပါတယ်။ စာလည်းအတော်ရှည်နေပြီမို့ ဒီလောက်နဲ့ပဲရပ်ပါရစေခင်ဗျာ... အမှားများပါခဲ့ရင်လည်းထောက်ပြဝေဖန်ပေးကြပါဦးခင်ဗျာ

PS: CPU နဲ့ပတ်သတ်တဲ့ အချက်အလက်တွေကိုကြည့်ချင်ရင်တော့ CPU-Z ဆိုတဲ့ Software လေးကိုဒေါင်းပြီး ကြည့်လို့ရပါတယ်။

မူရင်းလင့် ==> Myanmar IT Knowledge Sharing

Wednesday, August 5, 2020

About CPU (Central Processing Unit)


CPU (Central Processing Unit)

         ကျနော်ခုပြောပြမှာကတော့ CPU ရဲ့အလုပ်လုပ်ပုံပါ။ အားလုံးသိပြီးသားဖြစ်ကောင်းဖြစ်မှာပါ။ ဒါပေမယ့် ကျနော့်အနေနဲ့ မသိသေးတဲ့လူတွေအတွက် ရည်ရွယ်ပြီး ရေးပေးခြင်းပါသည်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား အစဉ်အမြဲ ဂါဝရပြုလျက်...

    CPU တွေဟာ ကျနော်တို့နေစဉ် အသုံးပြုနေတဲ့ Phone တွေ၊ PC (personal Computer)၊ Laptop/Desktop နဲ့ ဂဏန်းပေါင်းစက် စတဲ့ Electronics ပစ္စည်းတော်တော်များများမှာ ပါဝင်ပါတယ်။ ဘာလို့ပါဝင်လဲဆိုရင် Phone တွေ၊ Laptop တွေ၊ Desktop တွေဟာ တကယ်လို့ CPU သာမရှိခဲ့ဘူးဆိုရင် ဘာမှလုပ်လို့မရဘဲ အလှထိုင်ကြည့်နေရမယ့် ပစ္စည်းတွေလိုဖြစ်သွားမှာပါ။ တစ်ချို့ကလည်း CPU ဆိုတာ Intelligence Machines တွေရဲ့ ဦးဏှောက်လို့ပြောကြတယ်။ တချို့လူတွေကလည်း Heart (နှလုံးသား) လို့တင်စားကြတယ်။ ဟုတ်ပါတယ်။ တကယ်လည်းဘဲ Intelligence Machines တွေရဲ့ ဦးဏှောက်ဆိုလည်း ဟုတ်တယ်၊ နှလုံးသားဆိုလည်း ဟုတ်ပါတယ်။

            ဘာလို့လဲ.......?

        CPU ဟာ Intelligence Machines တွေရဲ့အသက်ပါ။ CPU သာမရှိရင် သူတို့ကိုယ်တိုင် စဉ်းစားတွေးခေါ် တွက်ချက်မှုတွေ မလုပ်နိုင်ပါဘူး။ ပြီးတော့ CPU ဟာ Machine Language ဖြစ်တဲ့ Binary တွေဘဲနားလည်ပါတယ်။ ဥပမာ- ကျနော်တို့က Keyboard ကနေ A လို့ရိုက်လိုက်ပါတယ်။ တကယ့်တကယ် CPU ကအလုပ်လုပ်ရင် A ဆိုတာကို တိုက်ရိုက်မသိပါဘူး။ CPU ထဲက Function တွေကနေ Binary ပြောင်းပြီးအလုပ်လုပ်ပါတယ်။ CPU ထဲမှာ CU (Control Unit) နဲ့ ALU (Arithmetic and Logic Unit) ဆိုတဲ့ Main Function နှစ်ခုရှိပါတယ်။ နောက်မှ Cache Memory တွေကို CPU ထဲပေါင်းထည့်လာကြတာပါ။

CU (Control Unit)

        Control Unit (CU) ဟာ User နဲ့ Machine တွေကြား အဆင်ပြေအောင် လုပ်ပေးထားတဲ့ ပေါင်းကူးတံတား တစ်ခုလို့ပြောရင် မမှားပါဘူး။ ဘာလို့လဲဆိုရင် CU (Control Unit) ရဲ့အဓိကလုပ်ပေးရတာက Character/Number to Binary ဖြစ်ပါတယ်။ ကျနော်တို့ Keyboard ကနေ apple လို့ရိုက်လိုက်ရင် တန်းပြီး apple ဆိုပြီး LCD ပေါ်မှာမြင်နေရတာ CU ကြောင့်ပါ။ CU သာမရှိခဲ့ဘူးဆိုရင် apple လို့ရိုက်ရင် Machine ကဘာမှန်းမသိလို့ Error သော်လည်းကောင်း၊ ဘာမှမပြတာသော် လည်းကောင်း ဖြစ်နိုင်ပါတယ်။ ပြီး Machine Language ဖြစ်တဲ့ Binary ကို Developer and Scientists တွေကလွဲ အလွယ်တကူမသိနိုင်ပါဘူး။ အာ့အတွက် Normal User (NU) တွေမှာ အခက်အခဲဖစ်နိုင်ပါတယ်။ ဒါကြောင့် CPU မှာ CU Function ကို User တွေအလွယ်တကူအသုံးပြုနိုင်အောင်ထည့်ပေးပါတယ်။
            ဥပမာ- User က apple လို့ရိုက်လိုက်တယ်၊ Input Device ကနေတစ်ဆင့် CU ဆီရောက်တယ်၊ CU ကနေတစ်ဆင့် ဒီလို Binary လေးတွေပြောင်းပြီး ALU(Arithmetic and Logic Unit) ဆီပို့တယ်၊ ALU ကနေမှတစ်ဆင့် CU ဆီပြန်ပို့ပြီး RAM ပေါ်ပြန်ပို့တယ်၊ အာ့ခါမှ ကျနော်တို့ခဗျားတို့ apple ဆိုတဲ့ စာလုံးလေးကိုမြင်ရတာပါ။

input device->apple->CU->
a=01100001
p=01110000
p=01110000
l=01101100
e=01100101->ALU

ALU (Arithmetic and Logic Unit)

               ALU ကတော့ CPU ရဲ့ အဓိက အလုပ်လုပ်ပေး တွက်ချက်ပေးတဲ့ Main Function ပါ။ ဒီကောင်လေးက CU ကနေပြောင်းပေးလိုက်တဲ့ Binary code တွေကို တွက်ချက်ပေး၊ စီပေးပြီး ရလာတဲ့ Result ကို CU သို့ပြန်လည်ပို့ဆောင်ပါတယ်။ CU အနေနဲ့ ပထမ User ဆီက ဝင်လာတဲ့ Keywords တစ်ခုချင်းဆီကို Binary ပြောင်းပြီး ALU ကိုတိုက်ရိုက်ပို့ပေးပါတယ်။ ALU ကမှ အစီစဉ်တကျ ပြန်လုပ်ပေးပြီး CU ဆီကို Binary Code Series အနေနဲ့ပို့ပေးပါတယ်။ ALU ပို့ပေးတဲ့ Binary Code Series ကိုမှ CU အနေနဲ့ သက်ဆိုင်ရာ စကားလုံးတွေကို ပြန်ပြောင်းပြီး RAM ကနေတစ်ဆင့် User မြင်ရမယ့် Output Device တွေဆီပို့ပေးပါတယ်။

ဥပမာ- Input Device -> apple -> CU ->
a=01100001
p=01110000
p=01110000
l=01101100
e=01100101->ALU

ALU->01100001 01110000 01110000 01101100 01100101 -> CU -> apple -> RAM->Output device

            ကဲ... ဒါကတော့ Intelligence Machines တွေမှာရှိတဲ့ CPU တိုင်းရဲ့ အလုပ်လုပ်ပုံတွေပါ။ Cache တို့ဘာတို့ကတော့ နောက် အကြောင်းသင့်ရင်ရှင်းပြပေးသွားပါမယ်။ အခုတော့ CPU ပြားလေးရဲ့ အလုပ်လုပ်ပုံ အရေးပါပုံတွေကို ဖော်ပြပေးရင်း ကျနော့်ကိုဒီနေရာမှာရပ်ခွင့်ပြုပါ။

         သဲမှူန်မျှ ဉာဏ်ပညာဖြင့်သာရေးသားထားပါသောကြောင့် အမှားပါပါက ဝေဖန်ထောက်ပြပြင်ဆင်ဖတ်ရှူပေးကြပါရန်မေတ္တာရပ်ခံပါသည်ခဗျာ။

VIError(MEH)

Original Link - Myanmar Ethical Hackers